မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများတွင် စီးပွါးရေးဖွံ့ဖြိုးလာမှုနှင့်အတူ ကူးစက်မြန်ရောဂါများဖြစ်သည့် ဆားစ်ရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ မားစ်ရောဂါစသည့် ကူးစက်ရောဂါများပျံ့နှံ့ကူးစက်မှု အန္တရာယ်များရှိလာပါသည်။ အခြားကူးစက်ရောဂါများဖြစ်သည့် ဆေးယဉ်ပါးငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ ဆေးယဉ်ပါးရောဂါများ (Antimicrobial resistant infections) များကြောင့် စီးပွါးရေးထိခိုက်မှုရှိသည့်ဖြစ်စဉ်များရှိလာ ပါသည်။ ခရီးသွားလာမှုများ ပိုမိုများပြားလာခြင်း၊ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းတို့ကြောင့် ကူးစက်ရောဂါများ ပျံ့နှံ့မှု ပိုမိုမြန်ဆန်လာကြောင်းတွေ့ရှိရပြီး အထူးသဖြင့် ဆင်းရဲမွဲတေသူများ၊ တိုင်းရင်းသားများ၊ နယ်စပ်ဒေသနှင့် ခက်ခဲဒေသများတွင် ပိုမိုဖြစ်ပွါးကူးစက်နိုင်ကြောင်းတွေ့ရှိရပါသည်။

Economic growth in the GMS is highly vulnerable to outbreak of emerging diseases such as severe acute respiratory syndrome, avian influenza and Middle East respiratory syndrome. Other communicable diseases including drug-resistant malaria, dengue and antimicrobial-resistant infections, also have a significant economic impact. Multiple factors play a role in spreading communicable diseases including increasingly mobile population, increasing trade, and intestified interaction between people and animal. Particularly at risk are the poor, ethinc groups, and those living in border and remote area or living along economic corridors. Infection can therefore easily pass beyond borders.

မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများရှိ သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနများအနေဖြင့် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများအား ဆောင်ရွက်လျက်ရှိသော်လည်းနယ်စပ်ဒေသများတွင် ကူးစက်ရောဂါကပ်အသွင် ဖြစ်ပွါးမှုများအား နိုင်ငံအချင်းချင်းပူးပေါင်း၍ ထိန်းချုပ်ခြင်း (Joint Outbreak Investigation) စသည့် လုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များရှိနေဆဲ ဖြစ်ပါသည်။

ဒေသတွင်းနိုင်ငံများတွင် ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံမှု အလျင်အမြန်တိုးတတ်လာနေကြောင်းတွေ့ရှိရသော်လည်း ထိခိုက်လွယ်သော လူအုပ်စုများ၊ ရွှေ့ပြောင်းလုပ်သားများ၊ ဆင်းရဲသားများ အနေဖြင့် ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှုများ လက်လှမ်းမှီရေး လိုအပ်ချက်များ ရှိနေဆဲဖြစ်ပါသည်။

သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းစနစ်အား ဆောင်ရွက်ရာတွင် အီလက်ထရောနစ်စနစ်ဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်းအား ကျန်းမာရေးဌာနအားလုံး လွှမ်းခြုံနိုင်ရေးလိုအပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ခြင်း လုပ်ငန်းများအား သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ဉီးစားပေးဆောင်ရွက်လျက်ရှိသော်လည်း အထူးသဖြင့် နယ်စပ်ဒေသများတွင် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ ကပ်အသွင် ဖြစ်ပွါးမှုများအား တုံ့ပြန်ရာတွင် ကူးစက်ရောဂါတုံ့ပြန်ရေးအဖွဲ့များအား အဆင့်မြှင့်တင်ရန် လိုအပ်လျက် ရှိကြောင်း တွေ့ရှိရပါသည်။

In recent years, the ministries of health (MOHs) in GMS countries have made progress in regional information sharing, intersectoral dialogue and cross-border cooperation for communicable disease control (CDC), Cross border collaboration between neighboring provinces across international borders (which include joint outbreak investigation, information exchange and patient referrals) is gaining momentum but needs to be integrated into routine CDC activities. Health service networks within Cambodia, Lao PDR, Myanmar and Viet Nam (CLMV) have expanded rapidly, but marginalized, mobile, and poor people still have limited access to health services. Mobile populations, ethnic minorities and other vulnerable groups (MEVs) and population living in remote border area are more likely to spread infectious diseases and tend to use health services less than the general population.

The MOHs have implemented surveillance systems for notifiable diseases and syndromic reporting to improve reporting of events and identification of cases from community level. MOHS has to improve their capacities for risk analysis, community preparedness, and disease outbreak response. Outbreak response teams are often poorly equipped and financed and need capacity building on outbreak investigation and management.

သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ခရိုင်အဆင့်ဆေးရုံများအထိ ဓါတ်ခွဲခန်းများအား အဆင့်မြှင့်တင်ပြီး ဖြစ်ကြောင်း တွေ့ရှိရ သော်လည်း၊ မြို့နယ်အဆင့် ဆေးရုံများရှိ ဓါတ်ခွဲခန်းများအား နိုင်ငံတကာ အဆင့်မှီဓါတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်နိုင်ရေး၊ ဇီဝလုံခြုံရေးအဆင့်မြှင့်တင်ရေးတို့ လိုအပ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ ဆေးရုံများနှင့် ကျန်းမာရေးဌာနများသည် ကူးစက်မြန်ရောဂါဖြစ်ပွါးသူ လူနာများအား အဓိကလက်ခံသည့် ဌာနများ ဖြစ်သော်လည်း ဆေးရုံများရှိ ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများ (IPC) အားအဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိပြီး အထူးသဖြင့် ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းများနှင့် စွန့်ပစ်ရေးဆိုးများအား ထိရောက်စွာ စီမံခန့်ခွဲနိုင်ရေးအတွက် လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။

Governments’ and development partners’ investments have improved laboratory services in provincial hospitals. In contrast, district hospital laboratories are unable to comply with internationally acceptable biosafety standards or to guarantee the accuracy of their laboratory tests. Underlying problems include substandard training of laboratory staff and insufficient equipment and supplies. Formal processes for internal and external quality assurance are lacking. Laboratory auditing for compliance with quality and safety guidelines does not exist.

Hospitals and health centers are most likely to receive patients with emerging infectious diseases but IPC practices in health facilities are substandard. Hospital sanitation and hygiene facilities are lacking. Hospital medical waste management is often unsatisfactory. The general public has almost unrestricted access to infectious patients wards, and such practice may result in infective treatment, the spread of emerging infectious diseases from health facilities to the general public, increased hospital-acquired infections, and development of drug resistance.

ဒေသတွင်းရှိ သက်ဆိုင်ရာနိုင်ငံများရှိ ကျန်းမာရေးစနစ်များ အဆင့်အတန်းမြင့်မားရေး၊ Sustainable Development Goals ပြည့်မှီရေး၊ ကူးစက်မြန်ရောဂါများနှင့် ပြည်သူ့ကျန်းမာရေး ပြဿနာများအား ဉီးစားပေး ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အဖြစ် ဆောင်ရွက်နိုင်ရေး၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဌာန်းချက် (၂၀၀၅) နှင့် အာရှပစိဖိတ်ဒေသအသစ်ဖြစ်ပေါ်လာသော ကူးစက် ရောဂါများတုံ့ပြန်ကာကွယ်ရေးနည်းဗျူဟာ (APSED) များအား ပြည့်မှီနိုင်ရေး ရည်ရွယ်၍ အာရှဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်လျက် ရှိသော ကျန်းမာရေး စီမံချက် (၂၀၂၀) နှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Weaknesses in CLMV’s health systems are a threat to health security in the GMS, one of the targets of the UN sustainable development goals for the health sector. CLMV are committed to achieve standards based on the international Health Regulations, 2005 in line with the strategic framework of the Asia Pacific Strategy for Emerging Disease (APSED), 2010, both of the World Health Organization (WHO) and Strategy 2020 of the Asian Development Bank (ADB).

More Tags